Saturday, October 6, 2007

တခါတုန်းက-------ရေဆင်းမှာ(၄)

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားဘ၀ ကတော့၊ပျော်စရာတွေနဲ့လည်းပြည့်နှက်နေတာပေါ့။ ကျောင်းသားဘ၀အမှတ်တရလေးတွေထဲကတခုကတော့၊
မိန်းကလေးအဆောင်ဘက်သွားပီး၊ညဘက်ဂီတာတီးတာပါ။ ကိုယ်ကိုယ်တိုင်က၊ ဂီတာကို ကောင်းကောင်းမတီး တတ်တော့၊ တီးတတ်တဲ့ သူငယ်ချင်းတွေသွားရင်လိုက်သွားတတ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲက၊ သူငယ်ချင်းတယောက်ဖြစ်တဲ့ ထွန်းထွန်းနိုင်က၊ ဂီတာကောင်းကောင်းတီးတတ်ပါ။ အဲလိုမိန်းကလေး ဆောင် တွေလှည့်ပီး၊ ဂီတာတီးတဲ့အခါ၊ တချို့ကျောင်းသားတွေက၊ ကိုယ်နဲ့အတန်းတူ၊ မိန်းကလေး တွေနေတဲ့ အဆောင်ကို သွားတီးပါတယ်။ တချို့ကျတော့၊ အတန်းမတူပေမယ့်၊ ကိုယ်သဘောကျတဲ့မိန်းကလေး၊ နေတဲ့အဆောင်ကိုသွားတီးတာပါ။ ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့ကတော့၊ များသောအားဖြင့်ကတော့၊ ကျွန်တော်တို့နဲ့ အတန်းတူ၊ မိန်းကလေးသူငယ်ချင်းတွေ၊ နေတဲ့၊ ငွေတောင်အဆောင်ကို၊ သွားပီး၊ ဂီတာတီးကြပါတယ်။
ကျွန်တော်တို့ဒီနေ့ဂီတာလာတီးမယ်ဆိုရင်၊ မိန်းကလေးသူငယ်ချင်းတွေကို၊ ကြိုပီး၊ ဒီနေ့၊ ငါတို့လာခဲ့မယ်လို့ ပြောလိုက်ရင်၊ သူတို့က၊ ကျွန်တော်တို့ သီချင်းဆိုနေတဲ့အချိန်၊ အဆောင်ထဲကနေ၊ လက်ဘက်သုပ်တို့၊ ချိုချဉ်တို့
ကို ကြွပ်ကြွပ်အိတ်တွေနဲ့ ပစ်ပီးပေးတတ်ပါတယ်။ မိန်းကလေးအဆောင်တွေက၊ ညနေ ၆ နာရီဆိုပိတ်ပါတယ်။
ညနေ ၆ နာရီကျော်သွားရင်၊ အဆောင်အပြင်ကို ထွက်ခွင့်မရှိပါဘူး။ မုန့်တွေ အဲလိုပစ်ပေးတာကို၊ အဆောင်မှူး မသိအောင်လုပ်ရတာပါ။ သူတို့အားပေးနေတယ်ဆိုတာ၊ ဂီတာလာတီးတဲ့ သူငယ်ချင်းတွေ သိအောင်၊ အဆောင်ပေါ်ကနေ၊ ဟိုလျောက်၊ ဒီလျောက်လုပ်ပြပါတယ်။ အဲလိုလုပ်နေတာမြင်နေရင်၊ ကျိန်းသေပီ၊ သူတို့နားထောင်နေတယ်ဆိုတာ။
ပီးတော့ဂီတာတီးတဲ့ ကျွန်တော်တို့အဖွဲ့ထဲက၊ သူငယ်ချင်းတွေမှာ၊ တယောက်ယောက်က၊ သူကြိုက်နေတဲ့ ကောင်မလေးနားထောင်လို့ ရအောင်၊ ဒီသီချင်းကတော့၊ အခန်းနံပါတ် ဘယ်လောက်က၊ ဘယ်သူ့အတွက် ဘယ်သူက၊ ဆိုတာပါလို့ အော်ပြောပီးလည်း၊ ဆိုတတ်ပါသေးတယ်။ အရမ်းပျော်စရာကောင်းပါတယ်။ တခါတလေကျတော့လည်း၊ ဂီတာလာတီးတဲ့အဖွဲ့တွေ ၂ ဖွဲ့ ၃ ဖွဲ့ ဆုံနေတတ်ပါသေးတယ်။ အဲလိုဆုံနေရင်၊ တဖွဲ့ပီးမှ၊ တဖွဲ့က ဆိုပါတယ်။ အလှည့်ပေးတဲ့သဘောပေါ့။ အဲဒီအဖွဲ့ထဲမှာ၊ အကောင်းဆုံးဆိုနိုင်တဲ့ သူပါလာရင်၊ မိန်းကလေးတွေက၊ အဲဒီအဖွဲ့ကိုဘဲ အားပေးတတ်ပါတယ်။ ည ၁၂ နာရီ ၁ ချက်လောက်အထိ ဆိုပီးတီးပီးရင်၊
ကိုယ့်အဆောင်ကိုယ်ပြန်လာကြပါတယ်။ အဲလိုဆိုပီးသွားလို့ ပြန်လာရင်၊ အဆောင်နေကျောင်းသားတွေရဲ့ ထုံးစံအတိုင်း၊ အဆောင်မရောက်ခင်၊ အဆောင်နားက၊ စားသောက်ဆိုင်တွေမှာ၊ ၀င်စားကြပါသေးတယ်။
ဆက်ပါဦးမယ်---