Saturday, September 29, 2007

JJ/WBGSP Scholarship Opportunity for Myanmar Students

The Scholarship Program and the Fellowships Program are vehicles for knowledge sharing and capacity building in the developing world. The Programs provide opportunities for graduate studies leading to master's degree in development-related fields for mid-career professionals from the World Bank member countries, eligible to borrow. WBI supplements its training programs through the management of the following two programs:
The Robert S. McNamara Fellowships Program (RSM Fellowships), co-sponsored by the World Bank and Princeton University.

The Joint Japan/World Bank Graduate Scholarship Program (JJ/WBGSP), solely sponsored by the Government of Japan.
Interested in applying for a scholarship?
For the JJ/WBGSP go to either the Regular Program or the Partnership Programs. For the Robert S. McNamara Fellowships Program go to the Princeton University website. To apply check the eligibility criteria

This post is cited from World Bank Scholarship Program.

Friday, September 28, 2007

တခါတုန်းက-----ရေဆင်းမှာ(၃)

ရေဆင်းကျောင်းသားဘ၀က၊ပျော်စရာတွေနဲ့ပြည့်လို့နေပါတယ်။ ပထမနှစ်ကျောင်းသားအဖြစ်ရောက်လာတဲ့ ကျောင်းသားတွေရဲ့ ပထမဆုံး Mass Meeting ကိုလုပ်တော့၊ ကျောင်းသားတွေ စားဖိုဆောင်မှာစုကြပါတယ်။ အဲဒီနေ့ကျမှဘဲ၊ Hall Tutor ဆိုသူတွေကို၊ ကျွန်တော် ပထမဆုံးတွေ့ဘူးပါတော့တယ်။ တစ်ယောက်က၊ ဦးကျော်ငွေ--သူကမုံရွာသား။ နောက်တယောက် က၊ ဦးချစ်သန်း၊ သူက တော့၊ ပဲခူးသား။ hall tutor ဆိုလို့ ကျွန်တော့် partner ရဲ့ ရယ်စရာအဖြစ်အပျက်လေး ပြောရအုံးမယ်။ သူပြန်ပြောပြလို့ ကျွန်တော်သိခဲ့ တာပါ။ ကျွန်တော့်၊ partner ကျောင်းစရောက်တဲ့နေ့က၊ အသားဖြူဖြူ၊ လူပုံက နုနု နဲ့ ၊ အသက်သိပ်မကြီးဘူးထင်ရတဲ့၊ လူငယ်တစ်ယောက်ကိုတွေ့တာနဲ့၊ partner က၊ ဟေ့ကောင်၊ မင်းဘယ်မြို့ကလည်း၊ ဘာလဲနဲ့ သွားမေးတယ်တဲ့။ အဲလိုလဲမေးလိုက်ရော၊ အဲဒီလူ ရဲ့ ဘေးနားမှာရပ်နေ

Thursday, September 27, 2007

တခါတုန်းက------ရေဆင်းမှာ(၂)

မနက် ၁၀ နာရီလောက်ထိုးတော့၊ ဖေဖေနဲ့ အတူ အဆောင်ဘက်ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်လိုချင်တဲ့တောင်ဘက်ဆောင်၊တောင်ဘက်မျက်နှာမူထားတဲ့ဘက် အပေါ်ထပ်က၊ halltutorဘေးကအခန်းမှာနေချင်တဲ့အကြောင်းကိုဆရာ့ကို ပြောတော့၊ ဆရာက၊ အဲဒီအခန်းမှာ၊ ကျောင်းသားတယောက်
ဦးထားပီလို့ဆိုပါတယ်။ အဲဒီကျောင်းသားကို၊ ပြောပီး၊ အတူနေနိုင်မယ်ဆိုရင်၊ နေပါလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့
ကျွန်တော်လည်း၊ တောင်ဘက်ဆောင်အပေါ်ထပ်ကိုတက်ပီး၊ hall tutor ဘေးကအခန်းကို သွားပါတယ်။ အခန်းထဲမှာ
တောသားလိုလို၊ အသားမဲမဲ၊ ခြေသန်းလေးတွေမှာ၊ အပိုလေးတွေပါတဲ့၊ ကျောင်းသားကိုတွေ့ပါတယ်။ ကျွန်တော့်ထက်
အသက်နဲနဲ ကြီးပုံပေါက်ပါတယ်။ကျွန်တော်က၊ ကျွန်တော့်ကိုယ်ကျွန်တော်၊ ဘယ်သူဖြစ်ကြောင်းမိတ်ဆက်လိုက်ပီး၊ ဒီအခန်းမှာ
အတူနေချင်တယ်လို့ပြောလိုက်ပါတယ်။အဲလိုပြောတော့ သူက ကျွန်တော့်ကို နဲနဲ အကဲခတ်လိုက်ပီး၊ နေချင်ရင်နေလေလို့
ပြောလိုက်တော့၊ ကျွန်တော်လည်းတော်တော်လေးပျော်သွားပါတယ်။ စိုက်ပျိုးရေးတက္ကသိုလ်မှာ၊ ပထမဦးဆုံးသူငယ်ချင်းစရလိုက်လို့ပါ။
သူ့နာမည် က ဆန်းဝင်းပါ။ သူဟာ၊ကျွန်တော်ဘွဲ့ရတဲ့ အထိ အဲဒီအခန်းမှာတလျောက်လုံးနေခဲ့တဲ့၊ ကျွန်တော့်room partner ဖြစ်ခဲ့ပါတယ်။ ခင်မင်ဖို့ အရမ်းကောင်းသူ တယောက်ပါ။ သူ့ကို နောက်ပိုင်းမှာ ခွင် ၁၀၀ ၊ ဆန်းဝင်းလို့၊ သူငယ်ချင်းတွေ က
စပီးနောက်ပီး ခေါ်ကြပါတယ်။ ဒီလို ခေါ်ရတဲ့ အကြောင်းကို၊ နောက်ပိုင်းမှာ ကျွန်တော်ဆက်ပီးရေးပါ့မယ်။
သူကတောင်ကြီးသားပါ။ သူ့ကိုသူ၊ ခွန်ဆန်းဝင်းဆိုပီး လည်းမိတ်ဆက်ပါတယ်။ ကျွန်တော်တို့ ၂ ယောက် သူငယ်ချင်းတွေဖြစ်သွားကြတယ်ပေါ့ဗျာ။
နောက်အဲဒီနေ့မှာဘဲ၊ နယ်စုံ က လာကြတဲ့ တခြားကျောင်းသားတွေလည်းရောက်လာကြပါတယ်။ ကျွန်တော့်ကို သူငယ်ချင်းလည်း
ရပီဘဲ ဆိုပီး၊ ဖေဖေက ရန်ကုန်ကို ပြန်သွားပါတယ်။ ကျွန်တော် တို့နေတဲ့ အခန်းရဲ့ နောက်ဘက် ကျောချင်းကပ် အခန်း ကို၊ နေတဲ့
ကျောင်းသားတွေကတော့၊ မွန်ပြည်နယ်က လာကြတာပါ။ တစ်ယောက်က၊ မုဒုံက-- သူ့နာမည်က ကျော်အောင်နိုင်ပါ။ နောက်တစ်ယောက် က မော်လမြိုင်က၊ သူ့နာမည်က မင်းအောင်သိန်းပါ။ စကားမဆက်ပြောရအုံးမယ်။ ရေဆင်းက အဆောင်တွေရဲ့ အခန်းတွေက တဖက်ခန်း ကစကားပြောတာ တဖက်ခန်းက ကြားနေရပါတယ်။ ဘာလို့လဲဆိုတော့၊ အခန်းနံရံတွေအောက်ပိုင်းမှာ၊
အုတ်နံရံ ခြားနေပေမယ့်၊ အပေါ်ဘက်မှာ သစ်သားတန်းတွေဘဲ ရိုက်ထားပါတယ်။ ဒီတော့ တခန်းခန်းက စကားပြောနေရင်၊ ကျန်တဲ့
ကျောချင်းကပ် အခန်း ၂ ခန်းလောက်က ကြားနေရတာပါ။ ဘေးချင်းကပ်အခန်းတွေ ကအုတ်နံရံတွေ ခြားနေတာမို့လို့ သိပ်မကြားရပါဘူး။ ဒါနဲ့ညနေလောက်ကျတော့၊ ကျောင်းသားတွေတော်တော်များများ (မှတ်မိသလောက် အယောက် ၂၀)လောက် ရောက်လာကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပီး၊ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ ချစ်စရာ အလေ့အထတခုပါ။ ကိုယ်နဲ့ အခုမှ စပီးသိပေမယ့်၊ သူငယ်ချင်းအဖြစ်ခင်မင်ဖို့ရာ လွယ်ကူလှပါတယ်။
ဒါပေမယ့် မြန်မာတွေ ရဲ့ ဓလေ့စရိုက်အတိုင်း၊ ယောကျာ်းလေး ၄ ၅ ယောက်ထက်ပိုပီး စုမိပီ ဆိုတော့၊ ဟိုအကြောင်း ဒီအကြောင်းပြောရင်း၊ ကျောင်းသား တစ်ယောက် က ၊ တခုခု သွားသောက်ရအောင်ကွာလို့ စပီး စကားခေါ်လိုက်ပါတယ်။ ဒါနဲ့ တယောက် တစ်ပေါက် ၀ိုင်းပီး ၊ ဟိုဟာသောက်ချင်၊ ဒီဟာသောက်ချင်ပြောရင်း ကနေ၊ နောက်ဆုံး သဘောတူညီချက်တခု ရလိုက်ပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း အဲဒါရမယ့်နေရာကို၊ ထွက်လာခဲ့ကြပါတယ်။

Wednesday, September 26, 2007

Japan AYF Scholarship Opportunity for Myanmar Students

င်္Feature of the AYF scholarship program
http://www.asiaseed.org/ayfj/info/info_A3.htm#1

Field of study
http://www.asiaseed.org/ayfj/info/info_A3.htm#2

Qualification
http://www.asiaseed.org/ayfj/info/info_A3.htm#3

Terms of Scholarship
http://www.asiaseed.org/ayfj/info/info_A3.htm#4

Scholarship Benefits during Preparatory Course http://www.asiaseed.org/ayfj/info/info_A3.htm#5

Selection
http://www.asiaseed.org/ayfj/info/info_A3.htm#6

Application Procedure
http://www.asiaseed.org/ayfj/info/info_A3.htm#7

Notes
http://www.asiaseed.org/ayfj/info/info_A3.htm#8

Schedule for 2008 Students
http://www.blogger.com/post-create.g?blogID=2974541801533361382

Download the AYF Information 2008 Document http://www.asiaseed.org/ayfj/documents/ayfinfo2008.doc

Link;
http://www.asiaseed.org/ayfj/info/info_A3.htm

To read and write a Myanmar blog

To read and write a Myanmar blog, you have to do the following steps;
(1) download Alpha Zawgyi Unicode here

http://www.alpha.com.mm/blogday/index.html

(2) Just follow the instruction to install
(3) After installing it, you have to restart your computer
(4) Now it is ready to read and write in Myanmar Language
(5) But you will see some keypads have been little changed
(6) You can solve that problem by changing your computer language
For instance, if your computer system is Japaneses windows, you can
change to original Japanese windows, You just choose En to Jp in the below
menu line. If you want to type in Myanmar language, you just choose En and
Alpha Zawgyi blog keyboard in the below menu bar.

Japan AYF scholarship Opportunity for Myanmar Students

င်္Feature of the AYF scholarship program
http://www.asiaseed.org/ayfj/info/info_A3.htm#1

Field of Study
http://www.asiaseed.org/ayfj/info/info_A3.htm#2

Qualification
http://www.asiaseed.org/ayfj/info/info_A3.htm#3

Terms of Scholarship
http://www.asiaseed.org/ayfj/info/info_A3.htm#4

Scholarship Benefits during Preparatory Course
http://www.asiaseed.org/ayfj/info/info_A3.htm#5

Selection
http://www.asiaseed.org/ayfj/info/info_A3.htm#6

Application Procedure
http://www.asiaseed.org/ayfj/info/info_A3.htm#7

Notes
http://www.asiaseed.org/ayfj/info/info_A3.htm#8

Schedule for 2008 Students
http://www.blogger.com/post-create.g?blogID=2974541801533361382

Download the AYF Information 2008 Document
http://www.asiaseed.org/ayfj/documents/ayfinfo2008.doc

Link; http://www.asiaseed.org/ayfj/info/info_A3.htm

တခါတုန်းက-----ရေဆင်းမှာ(၁)

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ တက္ကသိုလ်တက်ရတော့မယ့်၊ ကျွန်တော့်ကို၊ ဖေဖေကကျောင်းအထိလိုက်ပို့ပေးခဲ့တာပါ။ Highwayလမ်းမကြီးကနေ၊ ကျောင်းဝင်းထဲအထိကို၊ လမ်းလျောက်မယ်ဆိုရင်တောင်၊ အဆောင်ကိုရောက်ဖို့ ၁၅ မိနစ်လောက်လျောက်
ရပါတယ်။ အ၀တ်အစားသေတ္တာကြီးကိုထမ်းပီး၊ ၀င်ရမယ်ဆိုရင်တော့၊ တော်တော်မောပီပေါ့။ ဒါနဲ့ ဖေဖေက မြင်းလှည်းတစီးငှားပီး၊ အဆောင်အထိ၊ သွားကြပါတယ်။ မြင်းကြီးကလည်း၊ဘာသန်မာသလဲ၊မမေးနဲ့၊ ငွေတောင်ဆောင် ကို ကျော်ရုံရှိသေး၊ ဟိုက်နေတာနဲ့၊ မြင်းလှည်းပေါ်က ဆင်းပီး၊ မြင်းလှည်းတွန်းပေးခဲ့ရတဲ့ အဖြစ်ရောက်ခဲ့ရပါရော။ မြင်းလှည်းမောင်းသမား၊ ဘယ်သူလဲဆိုတာ ကျွန်တော်
အဲဒီတုန်းက မသိသေးပါဘူး။ အဆောင်ရောက်တော့ မှ၊ ဒီလူဟာ၊ ကျွန်တော်နေရမယ့်၊ သစ်ဆုံဆောင် က စားဖိုမှူး ကိုမြင့်ဆွေလို့သိရပါတယ်။ ဒါနဲ့ သားအဖ ၂ ယောက် သစ်ဆုံဆောင် ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြပါတယ်။ အဆောင်ကို ရောက်တော့၊ အဆောင်မှူးအိမ်ထဲက၊ အီးတီလို အရပ်ပုပြတ်ပြတ် ၊ မျက်နှာလေးထောင့်ကျကျ လူ ၁ယောက်၊ ထွက်လာပါတယ်။ ဒါနဲ့ မြင်းလှည်းဆရာကို သူ ဘယ်သူလဲပေါ့၊ မေးတော့၊ အဆောင်မှူးဦးအောင်ကြည်လို့ သိရပါတယ်။ သူဟာ၊ ကျွန်တော်တွေ့ဖူးသမျှအဆောင်
မှူးတွေထဲမှာ၊ သဘောထားအရိုးဖြောင့်ဆုံးနဲ့၊ အမှန်ကို အမှန်အတိုင်း ပြတ်ပြတ်သားသားပြောတတ်ပီး၊ အဆောင်နေ ကျောင်းသားတွေ
ရဲ့ ချစ်ခင်မှု ကိုခံခဲ့ရတဲ့ အဆောင်မှူး ၁ ယောက်ပါ။ ဒါနဲ့ ဆရာနဲ့ တွေ့ပါတယ်။ ဖေဖေ က၊ ပထမဆုံးမိတ်ဆက်လိုက်ပီး၊ ပီးတော့၊ ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ဒီတော့၊ ဆရာက ဘာပြောလဲဆိုတော့၊ ငါဒီအဆောင်ကို၊ အုပ်ချုပ်မှာ ဒါပထမဆုံးဘဲ၊ ပီးတော့၊ ငါအုပ်ချုပ်မယ့် အဆောင်ကို ရောက်လာတဲ့ ကျောင်းသားတွေထဲမှာ၊ မင်းက ပထမဆုံးဘဲတဲ့။ ကဲ၊မင်းကြိုက်တဲ့ အခန်းကိုယူလို့ ပြောတာနဲ့၊ ကျွန်တော်လည်း အဆောင်မှူးအိမ်နဲ့ နီးတဲ့ အဆောင် ရဲ့ အောက်ထပ်က အခန်းတခန်းကယူလိုက်ပါတယ်။ အခန်းထဲမှာ သေတ္တာထားသော့ခတ်ပီး၊ သားအဖ ၂ ယောက်၊ ရေဆင်းစိုက်ပျိုးရေးသုတေသန၊ မှာအလုပ်လုပ်နေတဲ့၊ ကျွန်တော့်အဒေါ့်(မေ့မေ့ညီမ)အိမ်ကို၊ ထွက်ခဲ့ကြပါတယ်။ ညစာစားပီးတော့၊ ကျွန်တော့်အဒေါ်ယောကျာ်း က၊ သူနဲ့သိတဲ့ ဆရာတွေ နဲ့ မိတ်ဆက်ပေးမယ်ဆိုပီး၊ ဆရာတွေ နေတဲ့ အိမ်တွေဘက်ထွက်လာခဲ့ကြပါတယ်။
ဦးလေးက၊ ပထမဆုံး ဆရာဦးသန်းအောင်အိမ်ကို၊ ခေါ်သွားပါတယ်။ ဆရာက တောင်သာမြို့နယ်၊ ဆီမီးကန်ရွာသားပါ။ ဆရာ့အိမ်ကို ရောက်သွားတော့၊တိုက်တိုက်ဆိုင်ဆိုင်ဘဲ၊သစ်ဆုံဆောင်မှာဆရာဦးအောင်ကြည်အရင်၊အဆောင်မှူးလုပ်သွားခဲ့တဲ့၊ဆရာဦးသိန်းဆုပါ
ရောက်နေပါတယ်။ဒါနဲ့ဖေဖေနဲ့ဆရာတို့တွေ၊မိတ်ဆက်စကားပြော၊အာလာပ၊သလာပ၊စကားတွေတော်တော်ကြာကြာပြောပီး၊ကျွန်တော့်ကို သတိရသွားပုံ ရပါတယ်။ ကျွန်တော့်ဘက်လှည့်ပီး၊ ဆရာဦးသိန်းဆုက၊ မင်း၊ ဘယ်အခန်း ရွေးခဲ့လဲလို့မေးပါတယ်။ အဆောင်မှူးအိမ် နဲ့ နီးတဲ့၊ တောင်ဘက်က အဆောင်ရဲ့ ၊ တောင်ဘက် က၊ အောက်ထပ် အခန်း ကိုရွေးခဲ့တယ်လို့ပြောလိုက်ပါတယ်။ အဲဒါနဲ့ ဆရာဦးသိန်းဆု က၊ အဆောင်အကြောင်းကို နည်းနည်းရှင်းပြပါတယ်။ သစ်ဆုံဆောင်မှာ တ၀န်းထဲမှာဘဲ ၂ ဆောင်ရှိပါတယ်။ တောင်ဘက်နဲ့ မြောက်ဘက်ဆောင်ဆိုပီးရှိတာပါ။ မြောက်ဘက်ဆောင်က၊ အဆောင်မှူး အိမ်နဲ့ နဲနဲ လှမ်းပါတယ်။ အဆောင်မှူးအိမ်ထဲကနေကြည့်ရင်၊ သိပ်မမြင်ရပါဘူး။ တောင်ဘက်ဆောင်က၊ အဆောင်မှူးအိမ်နဲ့ တည့်တည့်ဆိုတော့၊ အိမ်ထဲကလှမ်းကြည့်ရင်မြင်နေရတာပါ။ အဆောင်တွေက၊ သစ်သားနဲ့ ဆောက်ထားတဲ့အဆောင်တွေ ဆိုတော့၊ အပေါ်ထပ်က လမ်းလျောက်ရင်၊ အောက်ထပ်မှာ တဒုန်းဒုန်းနဲ့ ခြေသံတွေ ကြားနေရပါတယ်။ ဒါနဲ့ ဆရာဦးသိန်းဆု ကဘယ်လို အကြံပေးလဲဆိုတော့၊ အဆောင်မှူး အိမ်နဲ့ နီးတဲ့ အဆောင်မှာနေ၊ ပီးတော့ အပေါ်ထပ်မှာနေ၊ ပီးတော့၊ hall tutor နဲ့ နီးတဲ့ အခန်းမှာ နေရင်၊ ပိုကောင်းမယ်လို့ အကြံပေးပါတယ်။ ဒါပေမယ့်၊ ညမိုးချုပ်နေပီဆိုတော့၊ အဆောင်ကို၊ မပြန်ချင်တော့တာနဲ့ မနက်မှဘဲ ရွေးတော့မယ်ဆိုပီး၊ စိတ်ကူးထားလိုက်ပါတယ်။

Saturday, September 22, 2007

Interview with Myanmar Young Generation in Abroad

နောက်တပတ်ကစလို့၊ဂျပန်နဲ့နိုင်ငံတကာကို၊ရောက်နေတဲ့၊ပညာသင်နေတဲ့
အလုပ်လုပ်နေတဲ့၊အောင်မြင်မှုလမ်းကြောင်းကို၊ခြေလှမ်းစနင်းနေကြတဲ့
လူငယ်တွေကိုတွေ့ဆုံမေးမြန်းပီး၊အပတ်စဉ်ဖော်ပြသွားဖို့ရည်ရွယ်ထားတယ်နော်၊
မြန်မာနိုင်ငံထဲက၊လူငယ်တွေကို၊ဒီဘလော့ဂ်လေးဖတ်ဖို့၊ဝေမျှပေးပါအုံး။
တခုခုရနိုင်အောင်လို့။

To read Myanmar Blogs

Everyone who wish to write and contribute must install the font, keyboard and configure for language.
1. Download and install the Zawgyi-One font.Details installation of font download and installation is avaiable onFollow instructions on http://www.ainmat.com/forum/view_topic.php?id=2

2. download the latest Zawgyi Myanmar Keyboard
http://www.planet.com.mm/download.cfm

3. Extract the files and run the installation program

4. Goto Start->Setting->Control Pannel->-
Click on Regional and Language Options- Click on Languages Tab- Click on Details Button Under Text Services and Input Languages
Click Add.. ButtonIn Add Input Language (Keyboard Layout/IME drop down menu, choose Zawgyi-One [ probably at the bottom of the dropdown list ]- Click OKYou will see Zawgyi under Keyboard in the Text Services and Input Languages window-
Click on Key Settings Button-
Click "yes" when ask whether you wanna to appy the keyboard layout chagnes now.
- In Advanced Key Settings Window, Just press OK button. The window will close.
- Back on Text Services and Input Languages, now...you will see a button called "Language Bar",
Click on that- Make sure "Show the language bar on the desktop" is checked.
Just Press OK...OK...Apply and OK and close all the windows..

This is cited from the following site.
http://www.ainmat.com/forum/view_topic.php?pid=197

Friday, September 21, 2007

ကမ္ဘာကြီးကိုLinkလုပ်ရအောင်

http://technorati.com/people/technorati/KoNay

ဒီနေ့လည်းမနေ့ကလိုဘဲ၊တော်တော်လေးပျင်းနေတာနဲ့၊စာမဖတ်ဖြစ်ပြန်ဘူး။
အဲတော့၊ဘာလုပ်နေလဲဆိုတော့၊ အရည်-မရ၊အဖတ်-မရ၊ အလုပ်တွေလုပ်နေတာ။
အင်တာနက်၊ထဲဝင်ပီး၊မသိသေး၊နားမလည်သေးတဲ့၊အကြောင်းတွေ၊၀င်ဖတ်ရင်း၊
ကိုယ့်ကိုနားလည်အောင်၊သင်ပြလမ်းညွှန်ပြထားတဲ့၊မြန်မာဘလော့ဂ်ဂါတွေကို၊
ကျေးဇူးတင်နေမိပါတယ်။မမြင်ဘူး၊မသင်ဘူးပေမယ့်၊ကျွန့်တော့်ရဲ့ဆရာတွေပါ။
သူငယ်ချင်းတို့လည်း၊အချိန်ရရင်၊လုပ်ကြည့်ပါလား။

မြန်မာဘလော့ဂ်တခုဘယ်လိုရေးမလဲ

မြန်မာဘလော့ဂ်ရေးရင်လုပ်ရမယ့်ဟာတွေကို အောက်ကဘလော့ဂ်တွေမှာကြည့်လို့ရပါတယ်ခင်ဗျာ။

http://nyilynnseck.blogspot.com/

http://mghla.blogspot.com/2006/10/eot.html

http://ayechanthu.blogspot.com/
Technorati Profile

Asking comments

မလာခဲ့နိုင်တဲ့သူငယ်ချင်းတွေပါ၊ကြည့်လို့ရအောင်၊ဓါတ်ပုံ ၂ပုံတင်ပေးထားတယ်နော်။ကျွန်တော့်ရဲ့ရေးသားချက်တွေကို၊
ဝေဖန်အကြံပေးကြပါအုံး၊စောင့်နေမယ်နော်။အကြံပေးချင်ရင်၊
အဲဒီစာပိုဒ်အောက်က၊စာအိတ်လေးကိုနှိပ်ရင်ဘဲဖြစ်ဖြစ်၊
စာအိတ်လေးဘေးက၊အစိမ်းရောင်လေးနဲ့ပြထားတဲ့၊နေရာလေးကို၊
clickလေးလုပ်ရင်ဘဲ၊ဖြစ်ဖြစ်ဝေဖန်အကြံပေးလို့ရပါတယ်။

About the seminar

ဆရာဦးတင်စိုးက၊နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ၊သင်ကြားပေးနေတဲ့၊ဂုဏ်ထူးဆောင်ပါမောက္ခတယောက်ပါ။အဲဒီနေ့ကဖတ်ကြားသွားတဲ့စာတမ်းကတော့၊ No Change No Gain; A Case of Myanmar Agricultural Policies and Strategies ပါ။မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးဆိုင်ရာမူဝါဒတွေကို၊ ရှင်းလင်းပြတ်သားစွာ၊ပြောဆိုဆွေးနွေးသွားနိုင်တာတွေ့ရပါတယ်။အဲဒီဆွေးနွေးချက်တွေပေါ်အခြေခံပီး၊Quantitative Analyses လုပ်နိုင်မယ်ဆိုရင်ပိုကောင်းမယ်လို့၊ထင်မိကြောင်းပါ။ဘာဘဲပြောပြော၊ ကျွန်တော်တို့မြန်မာနိုင်ငံကို၊လက်ရှိအုပ်ချုပ်နေသူတွေအနေနဲ့ဒီလိုပညာရှင်တွေရဲ့အခန်းကဏ္ဍကို၊ထည့်သွင်းဦးစားပေးစဉ်းစားလုပ်ဆောင်ကြမယ်ဆိုရင်၊စီးပွားရေးဆိုင်ရာdecisionsတွေချမှတ်တဲ့အခါမှာ၊အမှားအယွင်းနည်းသွားနိုင်တယ်လို့၊ထင်မိကြောင်းပါခင်ဗျာ။

Dr.Tin Soe Seminar

ဆရာဦးတင်စိုးစာတမ်းဖတ်ပွဲနေ့က၊ ဂျပန်နိုင်ငံတိုကျိုမြို့ကိုရောက်နေတဲ့ မြန်မာကျောင်းသားတချို့ဆုံတွေ့ခွင့်ရခဲ့တဲ့ နေ့လေးပေါ့ဗျာ။ ဆရာရဲ့presentation ကကောင်းလွန်းလို့ လာနားထောင်တဲ့မြန်မာကျောင်းသားတွေ အတွက်၊ ဗဟုသုတတိုးပွားစရာဖြစ်ခဲ့သလို၊မေးခွန်းတွေလည်းထုတ်စရာဖြစ်ခဲ့ရပါတယ်။အဲဒီနေ့ကလာကြတဲ့၊ ကျောင်းသူ၊သားတွေက၊ AoyamaGakuinကမကျော့ကျော့ခိုင်၊Tokyo Universityက၊မအိအိဆွေလှိုင်၊ကိုမင်းဇော်ထွေး၊ကို-----၊ကိုနေမျိုးအောင်၊Kyusyu Universityက၊ မသီတာချောလှိုင်၊နဲ့ Yokohama Universityက၊မဥမ္မာဝင်းတို့ပါ။မသီတာချောလှိုင်ဆိုရင်၊ ဆရာ့စာတမ်းဖတ်ပွဲကို၊လာနားထောင်ချင်လို့၊တိုကျိုကိုလာခဲ့တာလေ။