ဒီကဏ္ဍမှာ၊ နိုင်ငံခြားရောက်မြန်မာလူငယ်၊ လူရွယ်တွေရဲ့ ဘ၀အတွေ့အကြုံအခြေအနေတွေကို၊ ရေးသားသွားဖို့ ရှိပါတယ်။ ပထမဆုံးအနေနဲ့ NHK ရေဒီယို ဂျပန် မြန်မာ ဌာနမှာ Announcer လုပ်နေတဲ့ မသန်းသန်းခင် ကို၊ သူ့ရဲ့ ဂျပန်နိုင်ငံ မှာ၊ တွေ့ကြုံခဲ့ရတာတွေကို၊ မေးတော့၊ မသန်းသန်းခင် က၊ ဒီလိုပြောပြပါတယ်။ (မှတ်ချက်။ ။ မသန်းသန်းခင် ရဲ့ ခွင့်ပြုချက်ဖြင့်၊ သူရေးသားထားသော၊ စာကို၊ ဖော်ပြပါသည်။ Blogger ရဲ့အတွေးအခေါ်တွေလုံးဝမပါဝင်ပါ။)
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး မင်္ဂလာပါရှင်---
ဂျပန်နိုင်ငံအကြောင်းနဲ့ပတ်သက်ပီး၊ သန်း သိတာလေးတွေ ကို၊ ရေးပေးပါလားဆိုပြီး၊ ပြောလာတာနဲ့ သန်းသိတဲ့အကြောင်းလေးတွေ ပြောပြပေးမယ်နော်။ သန်းက၊ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်ကစပြီး၊ ဂျပန်မှာ ပညာသင်ရင်း အလုပ်လုပ်ခဲ့ဖူးတယ်လေ။ ပထမဦးဆုံး၊ ဂျပန်ကို၊ ရောက်ခါစက၊ တော်တော်ကြီးစိတ်ညစ်ခဲ့ရတယ်။ ဂျပန်မှာက၊ ဘာပစည်းမဆိုဈေးကြီးလှတယ်။ ကျောင်းလခလည်းဈေးကြီးတယ်။ အိမ်လခ လည်းဈေးကြီးတယ်။ ရထားခ၊ ကားခ၊ ထမင်းဖိုး၊ အ၀တ်အစား၊ အမျိုးမျိုးပေါ့နော်။ ဂျပန်မှာက၊ လူတိုင်းက နိုင်ငံခြားသားဆိုရင်တော်တော် စိတ်ဝင်စားကြတာလေ။ ဒါ့ကြောင့်ရထားစီးတဲ့ အခါတိုင်း ၊ လူတွေက နိုင်ငံခြားဘာသာစကား ပြောနေတဲ့ သူဆိုရင်၊ သေသေချာချာ ကိုကြည့်ကြတာလေ။ ဂျပန်လူမျိုးအချင်းချင်းလည်း၊ ၁ ယောက် နဲ့ ၁ ယောက်၊ အပြိုင်အဆိုင်ဆိုသလိုဘဲ၊ ကောင်းတဲ့ပစည်းတွေကိုင်၊ ဈေးကြီးတဲ့ နာမည်ကြီးတဲ့ အ၀တ်အစား၊ လက်ကိုင်အိတ်၊ ဖိနပ်၊ လက်
ဝတ်လက်စား၊ နာရီ၊ အမျိုးမျိုးကို ၀ယ်ကြ သုံးကြတာလေ။ ဒါ့ကြောင့်၊ ရထားစီးတဲ့ အခါတိုင်း၊ တန်ဖိုးသက်သာတဲ့ အ၀တ်အစား၊ ပစည်းတွေ ၀တ်တဲ့သူဆိုရင်၊ မျက်နှာငယ်ရတယ်။ ဥပမာ၊ သန်းက၊ ဂျပန်က တက္ကသိုလ်ကျောင်းမှာ၊ ကျောင်းတက်နေတုန်းက၊ ကုမ္မဏီတခုမှာ၊ အလုပ်လျောက်ဖို့ သွားခဲ့တယ်။ ကုမ္မဏီပိုင်ရှင်က၊ ချက်ချင်းဘဲ၊ ဒီအ၀တ်အစားမျိုးနဲ့ဆိုရင်၊ သူ့ရဲ့ ကုမ္မဏီမှာအလုပ်မခန့်နိုင်ဘူးလို့ ပြောခဲ့တယ်လေ။
ဂျပန်မှာက၊ ကိုယ်လုပ်ရမယ့်၊ နေရာပေါ်မူတည်ပြီး၊ ၀တ်ခွင့်မရှိတဲ့ အ၀တ်အစားမျိုးဆိုတာရှိတယ်။ ဒီမှာက၊ ကုမ္မဏီတော်တော်များများမှာက၊ အမျိုးသားဆိုရင်၊ Suit နဲ့ ရှပ်အင်္ကျီ၊ Necktile တပ်ရတယ်။ နှုတ်ခမ်းမွှေး အရှည်ထားခွင့်မရှိဘူး။ ဆံပင်အရှည်ထားခွင့် မရှိဘူး။ ဂျင်းဘောင်းဘီနဲ့ အလုပ်တက်ခွင့်မရှိဘူး။ အမျိုးသမီးဆိုရင်၊ အကောင်းဆုံးက စကဒ် နဲ့ Suit ကိုဝတ်ရတယ်။ တချို့ကုမ္မဏီတွေမှာက၊ ဘောင်းဘီရှည်နဲ့ Suit ဆိုရင်လက်ခံတဲ့ နေရာရှိတယ်။ စတော့ကင် (Stocking)၀တ်ရတယ်။ အ၀တ်အစားရဲ့အရောင်က၊ အနက်၊ နက်ပြာ၊ ချောကလက်၊ အသားရောင်တွေကို ၀တ်ရင်ပိုကောင်းတယ်။ သန်းလုပ်ခဲ့တဲ့ကုမ္မဏီမှာ၊ ပိုင်ရှင်က၊ တနင်္လာနေ့ က သောကြာနေ့ထိကို၊ စကဒ်နဲ့ Suit ၀တ်ခိုင်းတယ်။ ဖိနပ်အနက်ရောင်၊ လက်ကိုင်အိတ် အနက်ရောင် ကိုင်ရတယ်။ တနင်္လာနေ့ ကသောကြာနေ့ထိ၊ ၀တ်တဲ့ Suit နဲ့ ဖိနပ်၊ အိတ်တွေဟာ၊ လုံးဝမတူစေရဘူး။ စနေနေ့ ၁ ရက်ဘဲ၊ ဘောင်းဘီရှည်ပေးဝတ်တယ်။ ဒါ့ကြောင့် သန်းက အဲဒီကုမ္မဏီမှာ ၁ နှစ်စာချုပ်နဲ့ အလုပ်လုပ်ခဲ့တာ၊ ရတဲ့လစာအားလုံး၊ အ၀တ်အစားဖိုးနဲ့ လောက်တောင်မလောက်ခဲ့ဘူး။ ပိုင်ရှင်က၊ အလုပ်မ၀င်ခင်နေ့မှာ၊ သူကိုယ်တိုင် သန်းကို၊ ကုမ္မဏီနားမှာ ရှိတဲ့ ဆိုင်ကို ခေါ်သွားပြီး၊ ရုံးတက်မယ့်နေ့မှာ ၀တ်ရမယ့်၊ Suit တွေကို ရွေးပြီးဝယ်ခိုင်းတယ်။ နောက် လကုန်တဲ့အခါတိုင်း၊ သန်းရဲ့ လစာထဲက နှုတ်တယ်။ ဒါ့ကြောင့်၊ မနက် ၉ နာရီ က၊ ညနေ ၆ နာရီအထိ၊ ပင်ပင်ပန်းပန်းလုပ်လို့ ရတဲ့ လစာက၊ ရုံးတက်ဖို့ ၀ယ်ရတဲ့ Suit ဖိုးနဲ့ကုန်သွားတော့တယ်။ ဒါ့ကြောင့် သန်းမှာ၊ စားစရာဝယ်ဖို့ ပိုက်ဆံ မရှိခဲ့ဘူး။ ဒါပေမယ့်၊ ဒီအလုပ်ကို မိတ်ဆက်ပေးတဲ့၊ သန်းရဲ့ ဆရာရဲ့ မျက်နှာကိုထောက်ရတာမို့လို့၊ ပထမ ကတိပေးထားတဲ့ ၁ နှစ်ကိုတော့၊ သည်းခံပြီးကြိုးစားလုပ်ခဲ့ရတာ။ အဲဒီတုန်းက ပင်ပန်းခဲ့တာတွေကတော့၊ ပြောပြရရင်၊ အားလုံးစိတ်မကောင်းဖြစ်ကုန်ကြမှာစိုးလို့၊ မပြောပြတော့ဘူးနော်။ အဲဒီတုန်းကဆိုရင်၊ မနက်တိုင်း
ရုံးကိုမသွားချင်ခဲ့ဘူး။
ဒါပေမယ့် သန်းရဲ့ဖေဖေ က၊ ကိုယ်ပေးထားတဲ့ကတိ ၁ ခုကို၊ သေတဲ့အထိမဖျက်ရဘူး။ ကတိဆိုတာ၊ တည်မှဘဲကောင်းတာ ဆိုပြီးငယ်ငယ်ကလေးထဲက ပြောပြခဲ့တာ။ ဒါ့ကြောင့် တစ်နှစ်ကိုတော့၊ ကြိုးစားခဲ့တာပေါ့။ ၁ နှစ်လည်းပြည့်ရော၊ ပိုင်ရှင်က သဘောကျပြီး၊ လခတွေ အများကြီးတိုးပေးပေမယ့်၊ သန်းက ဆက်မလုပ်ချင်ဘူးဆိုပြီးငြင်းခဲ့တယ်။ အဲဒါကတော့၊ သန်းရဲ့ အတွေ့အကြုံလေးတခုအဖြစ်နဲ့သိမ်းထားချင်လို့ပါ။ ပိုင်ရှင်ကတော့၊ သူက သန်းကို ဒီ ၁နှစ်ထဲမှာ၊ အလုပ်ကိစ အမျိုးမျိုးကိုတတ်အောင်သင်ထားပေးပြီးမှ၊ အလုပ်ကထွက်မယ်ဆိုတော့၊ စိတ်တွေဆိုးပြီး ဆူတော့တာဘဲလေ။
သန်းအနေနဲ့ အလုပ်တခုကို၊ စိတ်ချမ်းချမ်းသာသာနဲ့လုပ်ချင်တာ။ ဒါပေမယ့် ပိုင်ရှင်အမျိုးသမီးက၊ အပျိုကြီးလည်းဖြစ်၊ ဒေါသကလည်းကြီးဆိုတော့၊ နေ့တိုင်းရုံးမှာဆိုရင်၊ ၀န်ထမ်းတိုင်းက၊ ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်ကို လုပ်နေရတာ။ ဘယ်တော့ စိတ်ဆိုးပြီးထအော်မလဲဆိုတာကို၊ ရင်တထိတ်ထိတ်နဲ့လေ။ စိတ်ညစ်ဖို့ကောင်းတယ်။ ဂျပန်မှာက၊ အလုပ်ကနေ ထွက်မယ်ဆိုရင်လည်း၊ အနည်းဆုံး ၁ လလောက်ကြိုပြီး အရာရှိဆီမှာ စာတင်ရတယ်။ ဘာ့ကြောင့်မို့၊ ဘယ်တော့ကျရင် အလုပ်ထွက်မယ်ဆိုတဲ့ အကြောင်း၊ ရေးပြီးတော့ပြောပြရတယ်။ သန်းရဲ့အတွေ့အကြုံလေးကို ဖတ်ပြီးတော့၊ ဘယ်လို ခံစားရတယ်ဆိုတာလည်းပြောပြအုံးနော်။ ဒီနေ့ ဒီရက်အထိ၊ သန်းအတွက် ကတော့၊ ဘယ်နေရာမှာ၊ ဘာအလုပ်ကိုဘဲလုပ်လုပ်၊ ဘယ်သူနဲ့ဘဲ တွေ့တွေ့၊ နေ့တိုင်းအတွေ့အကြုံအသစ်လေးတွေ အများကြီးရတယ်။ ပညာလည်းရတယ်လေ။ နောင်လည်းဒီထက်ပိုပြီး၊ လေ့လာရမယ့်ပညာတွေ အများကြီးဘဲကျန်သေးတယ်နော်။ သန်းလည်းကြိုးစားပါ့မယ်။ အားလုံးလည်းကြိုးစားပါနော်။
အားလုံး--- အားလုံး ကို ခင်တတ်တဲ့----
သန်းသန်း
၃၊ ၁၀၊ ၂၀၀၇
Friday, October 5, 2007
Wednesday, October 3, 2007
တခါတုန်းက-------ရေဆင်းမှာ(၃)
ကျွန်တော့်၊ partner ကျောင်းစရောက်တဲ့နေ့က၊ အသားဖြူဖြူ၊ လူပုံက နုနု နဲ့ ၊ အသက်သိပ်မကြီးဘူးထင်ရတဲ့၊ လူငယ်တစ်ယောက်ကိုတွေ့တာနဲ့၊ partner က၊ ဟေ့ကောင်၊ မင်းဘယ်မြို့ကလည်း၊ ဘာလဲနဲ့ သွားမေးတယ်တဲ့။ အဲလိုလဲမေးလိုက်ရော၊ အဲဒီလူ ရဲ့ ဘေးနားမှာရပ်နေတဲ့ စားပွဲထိုးမှူးဦးကြာညွန့်က၊ "ဟေ့ကောင်၊ ဒါကျောင်းသားမဟုတ်ဘူး၊ ဆရာကွ" လို့ ပြောလိုက်တော့မှ၊ "ဟာ---ဟုတ်လား၊ဆရာ၊ ကျွန်တော်မသိလို့ပါ၊" ဆိုပီးတောင်းပန်လိုက်ရပါတယ်။ ကျွန်တော့်သူငယ်ချင်း၊ က အဲလိုမျိုးပါ။ ဒါနဲ့ စောစောကစကားပြန်ဆက်ရအုံးမယ်။ Mass Meeting လုပ်ပြီး၊ အဆောင်တွေရဲ့ ထုံးစံအတိုင်း ကျောင်းသာတွေရဲ့ welfares တွေလုပ်ဖို့ ကျောင်းသားတွေထဲက၊ အဆောင်အတွင်းရေးမှူးနဲ့ အဆောင် EC တွေ ရွေးကြပါတယ်။ အဲဒီအချိန်မှာ ဘယ်ကျောင်းသားကို၊ ရွေးမယ်ဆိုတာ မဲပေးကြပြီး၊ မဲအများဆုံးရတဲ့ ကျောင်းသားတွေကို၊ ရွေးချယ်ကြရတာပါ။ ကျောင်းသားတွေ ရဲ့
ရွေးချယ်မှုမှာတောင်၊ ဒီမိုကရေစီနည်းလမ်းကျကျ နဲ့ ရွေးနိုင်တာကို၊ ဒါကိုကြည့်ရုံနဲ့ ကို သိနိုင်ပါတယ်။ အဲလိုနဲ့ EC အလုပ်အမှုဆောင်တွေရွေးပြီးသွားတော့၊ အဲဒီထဲကမှ အဆောင်အတွင်းရေးမှူးရွေးကြပါတယ်။ ကျွန်တော်တို့ ၁၉၉၃ ခုနှစ်၊ သစ်ဆုံဆောင်အတွင်းရေးမှူးကတော့၊ ကိုတေဇ၀င်းကို၊ ရွေးချယ်ခဲ့ကြပါတယ်။
အဆောင်သာယာရေးကော်မတီမှာ၊ နာယကအနေနဲ့ ပါမောက္ခ တယောက်ကို၊ ကျောင်းအုပ်ချုပ်ရေးမှူးအဖွဲ့ က
ရွေးချယ်ပါတယ်။ ဥက္ကဌကတော့၊ အဆောင်မှူးဖြစ်ပြီးတော့၊ အဖွဲ့ဝင်တွေက၊ အဆောင်နည်းပြတွေနဲ့၊ ကျောင်းသားတွေ ဖြစ်ပါတယ်။ ပထမနှစ်အတွက်ရွေးချယ်လိုက်တဲ့ အဆောင်သာယာရေးကော်မတီဝင်တွေနဲ့
အဆောင်အတွင်းရေးမှူးတွေရဲ့တာဝန်တွေက၊ အဆောင်မှာ၊ အခမ်းအနားကျင်းပတာတို့၊ ပွဲလမ်းသဘင်တို့ ကျင်းပတာတို့၊ အားကစားပွဲတွေကျင်းပတာတို့၊ အစားအသောက်နဲ့ပတ်သက်တာတို့၊ စသည်ဖြင့်ပေါ့လေ၊ အဆောင်နဲ့သက်ဆိုင်တဲ့ကိစတွေမှာဦးဆောင်ပြီးလုပ်ပေးကြရတာပါ။ ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့၊ ကိုတေဇ
ဝင်းဟာ၊ အေးဆေးတိကျပြီး၊ အရာရာကိုစိတ်ရှည်လက်ရှည်နဲ့လုပ်ကိုင်တတ်သူတစ်ယောက်ပါ။ ကျွန်တော်တို့ရဲ့
ရွေးချယ်မှုကမှန်တယ်လို့ပြောရပါမယ်။ ပထမနှစ်က၊ ပျော်ပျော်ရွှင်ရွှင်နဲ့ပြီးမြောက်သွားပြီး၊ သစ်ဆုံဆောင် မှာ၊နေကြတဲ့ ကျောင်းသားတေဟာ၊ ညီအကိုခင်မင်မှု တွေရခဲ့ကြတာပါ။ အခုဒီအချိန်မှာ၊ ကျွန်တော်ဟာ၊ မတွေ့တာကြာပြီဖြစ်နေတဲ့၊ တချို့သူငယ်ချင်းတွေကိုပြန်တွေ့ပြီး၊ စကားတွေဝိုင်းဖွဲ့လို့၊ ကျောင်းသားဘ၀မှာတုန်းကလို၊ ပြန်ပြောချင်တဲ့ စိတ်တွေဖြစ်နေမိပါတယ်။
ဆက်ပါဦးမည်------

Saturday, September 29, 2007
JJ/WBGSP Scholarship Opportunity for Myanmar Students
The Scholarship Program and the Fellowships Program are vehicles for knowledge sharing and capacity building in the developing world. The Programs provide opportunities for graduate studies leading to master's degree in development-related fields for mid-career professionals from the World Bank member countries, eligible to borrow. WBI supplements its training programs through the management of the following two programs:
• The Robert S. McNamara Fellowships Program (RSM Fellowships), co-sponsored by the World Bank and Princeton University.
• The Joint Japan/World Bank Graduate Scholarship Program (JJ/WBGSP), solely sponsored by the Government of Japan.
Interested in applying for a scholarship?
For the JJ/WBGSP go to either the Regular Program or the Partnership Programs. For the Robert S. McNamara Fellowships Program go to the Princeton University website. To apply check the eligibility criteria
This post is cited from World Bank Scholarship Program.

Friday, September 28, 2007
တခါတုန်းက-----ရေဆင်းမှာ(၃)
ရေဆင်းကျောင်းသားဘ၀က၊ပျော်စရာတွေနဲ့ပြည့်လို့နေပါတယ်။ ပထမနှစ်ကျောင်းသားအဖြစ်ရောက်လာတဲ့ ကျောင်းသားတွေရဲ့ ပထမဆုံး Mass Meeting ကိုလုပ်တော့၊ ကျောင်းသားတွေ စားဖိုဆောင်မှာစုကြပါတယ်။ အဲဒီနေ့ကျမှဘဲ၊ Hall Tutor ဆိုသူတွေကို၊ ကျွန်တော် ပထမဆုံးတွေ့ဘူးပါတော့တယ်။ တစ်ယောက်က၊ ဦးကျော်ငွေ--သူကမုံရွာသား။ နောက်တယောက် က၊ ဦးချစ်သန်း၊ သူက တော့၊ ပဲခူးသား။ hall tutor ဆိုလို့ ကျွန်တော့် partner ရဲ့ ရယ်စရာအဖြစ်အပျက်လေး ပြောရအုံးမယ်။ သူပြန်ပြောပြလို့ ကျွန်တော်သိခဲ့ တာပါ။ ကျွန်တော့်၊ partner ကျောင်းစရောက်တဲ့နေ့က၊ အသားဖြူဖြူ၊ လူပုံက နုနု နဲ့ ၊ အသက်သိပ်မကြီးဘူးထင်ရတဲ့၊ လူငယ်တစ်ယောက်ကိုတွေ့တာနဲ့၊ partner က၊ ဟေ့ကောင်၊ မင်းဘယ်မြို့ကလည်း၊ ဘာလဲနဲ့ သွားမေးတယ်တဲ့။ အဲလိုလဲမေးလိုက်ရော၊ အဲဒီလူ ရဲ့ ဘေးနားမှာရပ်နေ
Thursday, September 27, 2007
တခါတုန်းက------ရေဆင်းမှာ(၂)
မနက် ၁၀ နာရီလောက်ထိုးတော့၊ ဖေဖေနဲ့ အတူ အဆောင်ဘက်ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်လိုချင်တဲ့တောင်ဘက်ဆောင်၊တောင်ဘက်မျက်နှာမူထားတဲ့ဘက် အပေါ်ထပ်က၊ halltutorဘေးကအခန်းမှာနေချင်တဲ့အကြောင်းကိုဆရာ့ကို ပြောတော့၊ ဆရာက၊ အဲဒီအခန်းမှာ၊ ကျောင်းသားတယောက်
ဦးထားပီလို့ဆိုပါတယ်။ အဲဒီကျောင်းသားကို၊ ပြောပီး၊ အတူနေနိုင်မယ်ဆိုရင်၊ နေပါလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့
ကျွန်တော်လည်း၊ တောင်ဘက်ဆောင်အပေါ်ထပ်ကိုတက်ပီး၊ hall tutor ဘေးကအခန်းကို သွားပါတယ်။ အခန်းထဲမှာ
တောသားလိုလို၊ အသားမဲမဲ၊ ခြေသန်းလေးတွေမှာ၊ အပိုလေးတွေပါတဲ့၊ ကျောင်းသားကိုတွေ့ပါတယ်။ ကျွန်တော့်ထက်
အသက်နဲနဲ ကြီးပုံပေါက်ပါတယ်။ကျွန်တော်က၊ ကျွန်တော့်ကိုယ်ကျွန်တော်၊ ဘယ်သူဖြစ်ကြောင်းမိတ်ဆက်လိုက်ပီး၊ ဒီအခန်းမှာ
အတူနေချင်တယ်လို့ပြောလိုက်ပါတယ်။အဲလိုပြောတော့ သူက ကျွန်တော့်ကို နဲနဲ အကဲခတ်လိုက်ပီး၊ နေချင်ရင်နေလေလို့
ပြောလိုက်တော့၊ ကျွန်တော်လည်းတော်တော်လေးပျော်သွားပါတယ်။ စိုက်ပျိုးရေးတက္ကသိုလ်မှာ၊ ပထမဦးဆုံးသူငယ်ချင်းစရလိုက်လို့ပါ။
သူ့နာမည် က ဆန်းဝင်းပါ။ သူဟာ၊ကျွန်တော်ဘွဲ့ရတဲ့ အထိ အဲဒီအခန်းမှာတလျောက်လုံးနေခဲ့တဲ့၊ ကျွန်တော့်room partner ဖြစ်ခဲ့ပါတယ်။ ခင်မင်ဖို့ အရမ်းကောင်းသူ တယောက်ပါ။ သူ့ကို နောက်ပိုင်းမှာ ခွင် ၁၀၀ ၊ ဆန်းဝင်းလို့၊ သူငယ်ချင်းတွေ က
စပီးနောက်ပီး ခေါ်ကြပါတယ်။ ဒီလို ခေါ်ရတဲ့ အကြောင်းကို၊ နောက်ပိုင်းမှာ ကျွန်တော်ဆက်ပီးရေးပါ့မယ်။
သူကတောင်ကြီးသားပါ။ သူ့ကိုသူ၊ ခွန်ဆန်းဝင်းဆိုပီး လည်းမိတ်ဆက်ပါတယ်။ ကျွန်တော်တို့ ၂ ယောက် သူငယ်ချင်းတွေဖြစ်သွားကြတယ်ပေါ့ဗျာ။
နောက်အဲဒီနေ့မှာဘဲ၊ နယ်စုံ က လာကြတဲ့ တခြားကျောင်းသားတွေလည်းရောက်လာကြပါတယ်။ ကျွန်တော့်ကို သူငယ်ချင်းလည်း
ရပီဘဲ ဆိုပီး၊ ဖေဖေက ရန်ကုန်ကို ပြန်သွားပါတယ်။ ကျွန်တော် တို့နေတဲ့ အခန်းရဲ့ နောက်ဘက် ကျောချင်းကပ် အခန်း ကို၊ နေတဲ့
ကျောင်းသားတွေကတော့၊ မွန်ပြည်နယ်က လာကြတာပါ။ တစ်ယောက်က၊ မုဒုံက-- သူ့နာမည်က ကျော်အောင်နိုင်ပါ။ နောက်တစ်ယောက် က မော်လမြိုင်က၊ သူ့နာမည်က မင်းအောင်သိန်းပါ။ စကားမဆက်ပြောရအုံးမယ်။ ရေဆင်းက အဆောင်တွေရဲ့ အခန်းတွေက တဖက်ခန်း ကစကားပြောတာ တဖက်ခန်းက ကြားနေရပါတယ်။ ဘာလို့လဲဆိုတော့၊ အခန်းနံရံတွေအောက်ပိုင်းမှာ၊
အုတ်နံရံ ခြားနေပေမယ့်၊ အပေါ်ဘက်မှာ သစ်သားတန်းတွေဘဲ ရိုက်ထားပါတယ်။ ဒီတော့ တခန်းခန်းက စကားပြောနေရင်၊ ကျန်တဲ့
ကျောချင်းကပ် အခန်း ၂ ခန်းလောက်က ကြားနေရတာပါ။ ဘေးချင်းကပ်အခန်းတွေ ကအုတ်နံရံတွေ ခြားနေတာမို့လို့ သိပ်မကြားရပါဘူး။ ဒါနဲ့ညနေလောက်ကျတော့၊ ကျောင်းသားတွေတော်တော်များများ (မှတ်မိသလောက် အယောက် ၂၀)လောက် ရောက်လာကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပီး၊ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ ချစ်စရာ အလေ့အထတခုပါ။ ကိုယ်နဲ့ အခုမှ စပီးသိပေမယ့်၊ သူငယ်ချင်းအဖြစ်ခင်မင်ဖို့ရာ လွယ်ကူလှပါတယ်။
ဒါပေမယ့် မြန်မာတွေ ရဲ့ ဓလေ့စရိုက်အတိုင်း၊ ယောကျာ်းလေး ၄ ၅ ယောက်ထက်ပိုပီး စုမိပီ ဆိုတော့၊ ဟိုအကြောင်း ဒီအကြောင်းပြောရင်း၊ ကျောင်းသား တစ်ယောက် က ၊ တခုခု သွားသောက်ရအောင်ကွာလို့ စပီး စကားခေါ်လိုက်ပါတယ်။ ဒါနဲ့ တယောက် တစ်ပေါက် ၀ိုင်းပီး ၊ ဟိုဟာသောက်ချင်၊ ဒီဟာသောက်ချင်ပြောရင်း ကနေ၊ နောက်ဆုံး သဘောတူညီချက်တခု ရလိုက်ပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း အဲဒါရမယ့်နေရာကို၊ ထွက်လာခဲ့ကြပါတယ်။
Wednesday, September 26, 2007
Japan AYF Scholarship Opportunity for Myanmar Students
င်္Feature of the AYF scholarship program
http://www.asiaseed.org/ayfj/info/info_A3.htm#1
Field of study
http://www.asiaseed.org/ayfj/info/info_A3.htm#2
Qualification
http://www.asiaseed.org/ayfj/info/info_A3.htm#3
Terms of Scholarship
http://www.asiaseed.org/ayfj/info/info_A3.htm#4
Scholarship Benefits during Preparatory Course http://www.asiaseed.org/ayfj/info/info_A3.htm#5
Selection
http://www.asiaseed.org/ayfj/info/info_A3.htm#6
Application Procedure
http://www.asiaseed.org/ayfj/info/info_A3.htm#7
Notes
http://www.asiaseed.org/ayfj/info/info_A3.htm#8
Schedule for 2008 Students
http://www.blogger.com/post-create.g?blogID=2974541801533361382
Download the AYF Information 2008 Document http://www.asiaseed.org/ayfj/documents/ayfinfo2008.doc
Link;
http://www.asiaseed.org/ayfj/info/info_A3.htm

To read and write a Myanmar blog
To read and write a Myanmar blog, you have to do the following steps;
(1) download Alpha Zawgyi Unicode here
http://www.alpha.com.mm/blogday/index.html
(2) Just follow the instruction to install
(3) After installing it, you have to restart your computer
(4) Now it is ready to read and write in Myanmar Language
(5) But you will see some keypads have been little changed
(6) You can solve that problem by changing your computer language
For instance, if your computer system is Japaneses windows, you can
change to original Japanese windows, You just choose En to Jp in the below
menu line. If you want to type in Myanmar language, you just choose En and
Alpha Zawgyi blog keyboard in the below menu bar.

Subscribe to:
Posts (Atom)